Wednesday, May 18, 2016

■ ရက် ၁၀၀ အတွင်း လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ရန် မှာကြား■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပဲခူး မေ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ပဲခူးမြို့တော်ခန်းမ၌ မေ ၁၆ ရက် နံနက် ၈ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းက ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာ အချက်အလက်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများ အနေဖြင့် ရက် ၁၀၀ အတွင်း မိမိတို့ ဌာနအလိုက် လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံးပြီးအောင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ကြရန်၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူအပေါ် စေတနာထား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဦးစီးဌာနအလိုက် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက် လာကြသောဌာန အသီးသီးမှ ဝန်ထမ်းများအား ရင်းရင်းနှီနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment