Thursday, May 19, 2016

■ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း ဘာတွေ လုပ်ဆောင်မှာလဲ ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် မေ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာအနေဖြင့် ရက် (၁၀၀)အတွင်း မှာ ပြည်သူ့လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ငန်းစဉ် (၉) ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
လုပ်ငန်းစဉ် (၁) အနေဖြင့် နယ်စပ်ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးသည့် အတွက် ရေတွင်း၊ ရေကန် များ ပြန်လည်ပြု ပြင်ခြင်း၊
လုပ်ငန်းစဉ်(၂) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် တည်ဆောက် ရေး လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်း များနှင့် အညီ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ ဒေသအလိုက် လုပ်ငန်း စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခြင်း၊
လုပ်ငန်းစဉ် (၃) အဖြစ် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် ဌာနပိုင် လမ်း၊ တံတားနှင့် အဆောက်အဦး များ ပြန်လည်ပြု ပြင်ခြင်း၊
လုပ်ငန်းစဉ် (၄) အဖြစ် ရွှေ့ပြောင်းဒုက္ခသည် IDP များကို နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အခြားသော ဝန်ကြီး ဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး တန်ဖိုးနည်း နေအိမ် များ၊ လမ်း၊ တံတား၊ ရေရရှိရေး များပါဝင်သည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စားနပ်ရိက္ခာ ဖူလုံရေးကိုပါ အကောင် အထည်ဖော်ဆောင် ရွက်ခြင်း၊
လုပ်ငန်းစဉ် (၅) အဖြစ် ဝန်ကြီးဌာနတွင်ရှိသည့် အရာထမ်း၊ အမှုထမ်း များနှင့် ဆရာ၊ ဆရာမများကို လုပ်ငန်း စွမ်းဆောင်ရည်မြှင့် တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ခြင်း၊
လုပ်ငန်းစဉ် (၆) တိုင်းရင်းသား၊ တိုင်းရင်းသူများကိုပြည်ထောင်စု စိတ်ဓါတ်ရင့်သန် ခိုင်မာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး ချစ်ခင်စည်းလုံး ညီညွတ်ရေးနှင့် ဒေသန္တရဗဟုသုတ ရရှိ ရေးများ ဆောင်ရွက်ခြင်း၊
လုပ်ငန်းစဉ် (၇) အနေဖြင့် ဆောင်ရွက်နိုင်မည့် တည်ဆောက် ရေး လုပ်ငန်း များကို ဆောင်ရွက်ပြီး၊ မဆောင်ရွက်နိုင်သေးသည့် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ငန်း အပ်နှံဆောင်ရွက်နိုင်ရန် အတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်ခြင်း၊
လုပ်ငန်းစဉ် (၈) အဖြစ် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်စေ ရန် ရုံးလုံခြုံ ရေးစနစ်ကို အဆင့်မြှင့်တင်ခြင်း များ ဆောင်ရွက်ခြင်း၊
လုပ်ငန်းစဉ် (၉) ဝန်ကြီးဌာနက ဖွင့်လှစ်ထား သည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ တိုင်းရင်းသူလေးများအား ရန်ကုန်မြို့၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် အဆင့်မြင့် မော်တာ စက်ချုပ် သင်တန်းကို ၂၀၁၆ ခုနှစ် ဇွန်လတွင် (၁၀၀)ဦး၊ ဇူလိုင်လတွင် (၁၀၀) ဦး သင်ကြားပို့ချပေးပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကာ သင်တန်း ဆင်းများအား ပုဂ္ဂလိကအထည်ချုပ်လုပ်ငန်းများတွင် ကျွမ်းကျင် ဝန်ထမ်းများ အဖြစ် ခန့်အပ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment