Wednesday, June 15, 2016

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁ဝဝ 

ဇွန် ၎
အချိန်နှင့်အမျှ အစိုးရဌာနအဖွဲ့အစည်းများအပေါ် ပြည်သူလူထုအတွက် တာဝန်ခံမှုတောင်းဆိုချက်သည် ကမ္ဘာအနှံ့ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ချွင်းချက်မရှိပါဝင်လျက်ရှိသည်။ အစိုးရအဖွဲ့အစည်း များ၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် မည်သည့် အတိုင်းအတာ ပမာဏအထိ အကျိုးသက်ရောက်မှုရှိသည်ကို စိစစ်သုံးသပ်နိုင်ရန် စစ်ဆေးအစီရင်ခံတင်ပြနိုင်မှသာလျှင် ပြည်သူလူထုအတွက် တာဝန်ခံမှုကို ပီပြင်စေမည်ဖြစ်သည်။


နိုင်ငံတိုင်းတွင် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ကိုယ်စား နိုင်ငံသားအားလုံးပိုင်ဆိုင်သည့် သယံဇာတ အရင်းအမြစ်များကို စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့က တာဝန်ခံစီမံ ဆောင်ရွက်ရသည်။ အစိုးရအဖွဲ့၏ သယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်မှု အခြေအနေအရပ်ရပ်ကို ပြည်သူ များအား ရှင်းလင်းတင်ပြရန် တာဝန်ရှိသဖြင့် အစိုးရ အဖွဲ့နှင့် လွတ်ကင်းသော စာရင်းစစ်အဖွဲ့ အစည်းကို သီးခြားဖွဲ့စည်း၍ ပြည်သူ့ဘဏ္ဍာ ငွေကြေးစီမံခန့်ခွဲမှု၊ အစိုးရ၏လုပ်ငန်းစီမံကိန်း များသည် ပြည်သူလူထု၏ မျှော်မှန်းချက်များ၊ ဆန္ဒသဘောထားများနှင့် ကိုက်ညီမှုအ‌ခြေ အနေကို စဉ်ဆက်မပြတ် သမာသမတ် ကျကျ အကဲဖြတ်လုပ်ဆောင်ရန် အမြင့်ဆုံးစစ်ဆေး ရေးအဖွဲ့အစည်းအဖြစ် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေးအဖွဲ့အစည်း တစ်ခုတွင် ရငွေနှင့် သုံးငွေ၊ ရရန်ရှိငွေနှင့် ပေးရန်ရှိငွေတို့သည် အရေးကြီးပြီး အစိုးရ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီ များ၊ ငွေရေးကြေးရေး အဖွဲ့အစည်း များသည် ဘဏ္ဍာရေးပိုင်း၊ စာရင်းပိုင်းတွင် ပွင့်လင်း မြင်သာမှုရှိရန် ရငွေနှင့် သုံးငွေ၊ ရရန်ရှိငွေနှင့် ပေးရန် ရှိငွေတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် စာရင်းစံ၊ စာရင်းစစ်စံများနှင့်အညီ စနစ်တကျ ပြုစုထားရှိနိုင်ရန် အမှန်တကယ် လိုအပ်သည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက်တွင် ဦးစားပေး ထည့်သွင်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရသည်။

''စာရင်းရဲ့ ဖြစ်ပေါ်ရာအခြေအမြစ်က လုပ်ငန်းဖြစ်ပြီး ပဓာနကျတဲ့လုပ်ငန်းကို အဓိက ထား စစ်ဆေးမှ သာလျှင် အကျိုးသက်ရောက် မှုရှိမှာဖြစ်ပါတယ်''ဟု ပြည်သူ့ငွေစာရင်း စစ်ဆေးရေး အရာရှိဟောင်း တစ်ဦးက မြန်မာနိုင်ငံ၏ စာရင်းစစ်လုပ်ငန်းအပေါ် သုံးသပ် ပြောကြားသည်။

စာရင်းစစ်ဆေးရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှုသည် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများ၊ ငွေကြေးဆိုင်ရာ အလွဲသုံးစားပြုမှုများနှင့် အခွန်တိမ်းရှောင်မှုများကို နိုင်ငံအတွက် ကာကွယ်ပေးနိုင်သည့်အပြင် ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အမှန်တကယ် လိုအပ်သည့် စီမံကိန်းများကို အစိုးရအဖွဲ့အနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိကို အကဲဖြတ် ဆုံးဖြတ်နိုင်ပေမည်ဖြစ်သည်။

ထို့ကြောင့် စာရင်းစစ်ဆေးရေးလုပ်ငန်း တာဝန်များကို စစ်ဆေးရသည့် အဖွဲ့အစည်းကို အုပ်ချုပ်ရေးအဖွဲ့မှ သီးခြားခွဲခြား၍ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် စစ်ဆေး တွေ့ရှိချက်များကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ကို ရှေးရှုလျက် သက်ဆိုင်ရာသို့ ဓမ္မဓိဋ္ဌာန် ကျကျ တင်ပြအစီရင်ခံနိုင်မည်ဖြစ်ပြီး စာရင်း စစ်ဆေးရေး၏ ရည်ရွယ်ချက်များကို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ သိရသည်။

''နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွေမှာ ကောင်းမွန်တဲ့ စာရင်းစနစ်ဖြစ်ပေါ်လာဖို့ လိုအပ်သလို စာရင်းစစ်ချုပ်နဲ့ စာရင်းစစ်အဖွဲ့ လုပ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍတွေကို မြှင့်တင်ပေး ဖို့လည်း အဓိကအရေးကြီးပါတယ်။ ဒါကြောင့် စာရင်းစစ်ချုပ်ရုံးကို သီးခြားအဖွဲ့အစည်းအဖြစ် လွတ်လပ်စွာစီမံခန့်ခွဲဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု တွေကို လွှတ်တော်ကတစ်ဆင့် ပြည်သူကိုအသိပေးနိုင်ရင် ပိုကောင်းပါတယ်'' ဟု လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီဝင် ဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုနှင့် သန့်ရှင်းသော အစိုးရဖော်ဆောင်မှုတို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများသည် အလွန်အရေးကြီး သည့်အပြင် လာဘ်ပေးလာဘ်ယူမှု လုပ်ငန်းစဉ် တွင်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ အားနည်းချက် များ၊ ချို့ယွင်းချက်များသည် ထိရောက်သော အရေးယူမှုပြုလုပ်နိုင်ရန် အလွန်ပဓာန ကျသည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုင်းတာရာတွင်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာများသည် အပြည့်စုံဆုံးအကိုးအကား၊ အထောက်အထားများ ဖြစ်သည် ကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သိရသည်။

အစိုးရသစ်လက်ထက်တွင် ပြည်သူ့အခြေ ပြုလုပ်ငန်းများကို ဦးစားပေးကြိုးပမ်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက်တွင် ပုံမှန်စစ်ဆေးရေး အစီအစဉ်တစ်ရပ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

''များပြားလှတဲ့ အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းတွေကို နှစ်စဉ် ဘက်စုံထောင့်စေ့အောင် မည်သည့်‌ နည်းနှင့်မျှ စစ်ဆေးနိုင်မှာမဟုတ်တဲ့ အတွက် လုပ်ငန်းရဲ့ အရေးပါမှုကိုကြည့်ပြီး ပြည်သူလူထုရဲ့အကျိုးကို ဖော်ဆောင်ရာမှာ အားနည်းတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ် ပြီး ဦးစားပေးစစ်ဆေးအစီရင်ခံတင်ပြသွား မှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး က ပြောသည်။


ဆောင်ရွက်ထားသော လုပ်ငန်း၊ စာရင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များသည် အမှား အယွင်းကင်းစင်မှု အခြေအနေစိစစ်ပြီး အမှားအယွင်းတွေ့ရှိပါက ညွှန်ပြခြင်းကို စစ်ဆေးခြင်းဟု သာမန်အားဖြင့် စာရင်းစစ် လုပ်ငန်းအပေါ် အများက လက်ခံနားလည်ကြသည်။

ယင်းသို့ညွှန်ပြခြင်းနှင့် ရပ်တန့်မသွားဘဲ တွေ့ရှိရသော အမှားအယွင်းဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေ၍ နောင်မဖြစ်ပွား အောင်၊ နောင်ဖြစ်ပွားမှုလျော့ပါးသွားအောင် လမ်းညွှန်ရန်နှင့် ဆောင်ရွက်ချက် တစ်ရပ်သည် အမှားအယွင်းပင်မရှိစေကာမူ ထို့ထက်ကောင်း မွန်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်း အခြေအနေကို စိစစ်ပြီး နည်းပေးလမ်းပြ ပြုလုပ်ရန်လည်း စာရင်းစစ်တစ်ဦး၌ တာဝန် ရှိသည်။ သို့ဖြစ်၍ စစ်ဆေးခြင်းဟူသော စကား ရပ်သည် အကောင်းဘက်သို့ဦးတည်ပြီး အပြု သဘောဆောင်သည်ဟု စာရင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လက်ခံကျင့်သုံး လျက်ရှိသည်။


စာရင်းစစ်ဆေးခြင်း၏ ရလဒ်များအနက် မြန်မာနိုင်ငံရှိ မြစ်ရေတင်စီမံကိန်းနှင့် မြစ် ရေတင်လုပ်ငန်း ၆၇ ခုကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းစစ်ဆေးခဲ့ရာ မူလလျာထား သည့် အကျိုးပြုဧက ၂၉၉၈၉၅ အနက် အမှန် ရေပေးဝေနိုင်သည့် ဧက ၄၈၈၃၃ စီမံကိန်း လျာထားချက်၏ ၁၆ ဒသမ ၃ ရာခိုင်နှုန်းသာ အကောင် အထည်ဖော်နိုင်သည်ကို တွေ့ရှိ အစီရင်ခံတင်ပြနိုင်သည့်အတွက် အစိုးရအဖွဲ့ နှင့် လွှတ်တော်မှသိရှိ၍ ပြည်သူ့ဘဏ္ဍာငွေ အလုံးအရင်းဖြင့် တည်ဆောက်မည့် မြစ်ရေ တင်စီမံကိန်းများကို ရပ်ဆိုင်းခြင်း၊ ပြန်လည် သုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်ဘဏ္ဍာ လေလွင့်ပြုန်းတီး၍ ပြည်သူ များအတွက် အမှန်တကယ်အကျိုးမရှိသည့် လုပ်ရပ်များကို တားဆီးနိုင်ခဲ့သည်။

ထိုကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်း၏ လက်အောက်တွင် ထားရှိခြင်းထက် လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်နိုင်ပါက ယခုထက် ပိုမို ထိရောက်သောလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် အလွတ်တန်းစာရင်းစစ်ပညာရှင်များက အခါ အခွင့်သင့်တိုင်း တိုက်တွန်းလျက်ရှိသည်။


မန်မာနိုင်ငံ၌ အစိုးရ၏ အုပ်ချုပ်မှုစရိတ် အသက်သာဆုံးဖြစ်ရန် စာရင်းပြုစုသည့် လုပ်ငန်းနှင့် စာရင်းစစ်ဆေးခြင်း လုပ်ငန်းကို ပေါင်းစပ်ဆောင်ရွက်မည့် မြန်မာနိုင်ငံ စာရင်း စစ်ဌာနကို ၁၈၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်အထိ တည်ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသည့် အုပ်ချုပ် ရေးပုံစံများအလိုက် ခေတ်စနစ်နှင့်ကိုက်ညီ အောင် ပြုပြင်ဆောင်ရွက်ခဲ့ရပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအဖြစ် ပြောင်းလဲသတ်မှတ်၍ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့်ကိုက်ညီသည့် လွတ် လပ်သည့် စာရင်းစစ်ဌာနဖြစ်ရန် ဆောင်ရွက် လျက်ရှိသည်။


''အမှန်က စာရင်းစစ်ချုပ်ကို နိုင်ငံတော် သမ္မတက ရွေးချယ်ခန့်အပ်တာထက် လွှတ်တော်က ရွေးချယ် တာဝန်ပေးခန့်အပ်ပြီး တာဝန်ခံမှုပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဒါမှစာရင်းစစ်ချုပ်ရုံးအနေနဲ့ ပြည်သူတွေ ကိုယ်စား အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု တွေကို စောင့်ကြည့်ပြီး လွတ်လပ်၍ အနှောင်အဖွဲ့ ကင်းကင်းနဲ့စစ်ဆေးပြီး ပြည်သူကို အစီရင်ခံတင်ပြနိုင်မှာ ဖြစ်ပါတယ်''ဟု စာရင်း စစ်ဆိုင်ရာ ပြင်ပ အကြီးတန်းအရာရှိတစ်ဦးက လည်း အကြံပြုပြောကြားသည်။

သတ်မှတ်ပြဋ္ဌာန်းထားသော မူဝါဒ၊ လုပ် ငန်းစဉ်၊ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်၏ နှစ်ရှည်၊ နှစ်တို နှင့် နှစ်စဉ်စီမံကိန်းများချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်ရာ၌ လူအင်အား၊ ပစ္စည်းအင်အား နှင့် ငွေကြေးအင်အားတို့ကို ထိရောက်စွာ အသုံးပြုမှသာ လုပ်ငန်းတွင်ကျယ်အောင်မြင် မှုရှိပြီး ပြည်သူတို့အတွက် အကျိုးသက် ရောက်စေမည် ဖြစ်သည်။ လုပ်ငန်းတွင်ကျယ် အောင်မြင်မှုရှိရန်မှာ ဆောင်ရွက်သော လုပ်ငန်းများ၌ ငွေကြေးနှင့် ပစ္စည်းများ လေလွင့် ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ မသမာကိုယ်ကျိုးရှာမှုနှင့် အလွဲသုံးစားမှုများ ကင်းစင်ရန် အလွန်းအရေးကြီးသည်။

ယင်းသို့ လုပ်ငန်းတွင်ကျယ်အောင်မြင် မှုကို အဟန့်အတားဖြစ်စေမည့် လေလွင့်ပြုန်း တီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုနှင့် အလွဲသုံးစားမှုများ နည်းနိုင်သမျှ နည်းပါးစေရန်အတွက် ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ရန်မှာ လုပ်ငန်းဆောင်ရွက်သော အဖွဲ့အစည်းအသီးသီးတွင် အဓိကတာဝန်ရှိသည်။

တာဝန်ရှိသော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြင်ပမှထပ်ဆင့် စစ်ဆေး ထိန်းချုပ် ပေးခြင်းအားဖြင့် လုပ်ငန်း အောင်မြင်ရေးအတွက် ပိုမို၍ထိရောက်ပြီး အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရဝန်ကြီးဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းများကို သီးခြားလွတ်လပ်စွာ စစ်ဆေး အစီရင်ခံနိုင်ရန် အတွက် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများကို ဖွဲ့စည်းရန်နှင့် စစ်ဆေးမည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထိုပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ အနေဖြင့် ပေးအပ်ထားသည့် စာရင်းစစ်ဆေး ရေးတာဝန်များ၏ လုပ်ငန်းစဉ်များသည် တာဝန်ခံမှု(Accountability) ပိုမိုတိုးတက် စေရေး၊ ထင်သာမြင်သာရှိမှု (Transparency) ပိုမိုတိုးတက်စေရေး၊ ကောင်းမွန်သော အုပ် ချုပ်မှုစနစ် (Good Governance) ဖြစ်စေရေးနှင့် ပြည်သူ့ဘဏ္ဍာငွေကြေးသုံးစွဲမှုအပိုင်းတွင် ခြိုးခြံ ချွေတာပြီး လုပ်ငန်းစွမ်းဆောင်ရည်ရှိစွာ ထိရောက်အကျိုးရှိစေမည့် အချက်အလက်များ အကြံÓဏ်များဖြင့် ပံ့ပိုးရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။


မန်မာနိုင်ငံ၏ ဘဏ္ဍာရေးလုပ်ငန်းများ အားလုံးတွင် တည်ဆဲဥပဒေများနှင့်အညီ စနစ် တကျရှိစေရေး၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး ဝန်ထမ်းများသည် သတ်မှတ် စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ကြစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသ စာရင်းစစ်ရုံးများက ဘဏ္ဍာရေးနှစ်အလိုက် စာရင်းစစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ် ပြုပြင်ပေးခြင်း၊ တည့်မတ်ပေးခြင်း၊ ထောက်ပြပေးခြင်း၊ ကန့်ကွက်ချက်များ ထုတ်ပြန်၍ ပြုပြင်မှုများကို ဆောင်ရွက်စေလျက် ရှိသည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူပြုဆောင်ရွက်လျက်ရှိသည်။


''ပြည်သူလူထုအခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက် ရေးတွေကို စစ်ဆေးဆောင်ရွက်ရာမှာ စာရင်း စစ်ဂုဏ်သိက္ခာ၊ သမာဓိ၊ ကျင့်ဝတ်များနဲ့အညီ ဆောင်ရွက်ကြပြီး ဝန်ထမ်းတစ်ဦးချင်း အရည် အသွေး၊ အရည်အချင်း ပိုမိုတိုးတက်လာစေဖို့ ပြည်တွင်း ပြည်ပသင်တန်းနဲ့ ဆွေးနွေးပွဲတွေ ကို စေလွှတ်ခြင်း၊ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချခြင်းနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အခါအားလျော်စွာကျင်းပခြင်း စတဲ့နည်းလမ်း များနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ့်အပြင် ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးလုပ်ငန်း တွေကိုလည်း ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။







No comments:

Post a Comment