Wednesday, September 7, 2016

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ပြည်သူ့အတွက်ပထမ ရက် ၁၀၀ အတွင်း ဘာတွေလုပ်မှာလဲ 
 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ အကျိုးကို ရှေးရှုသော အလုပ်အကိုင်အခွင့်အလမ်းများ၊ အလုပ်သမား များ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများ၊ အိမ်ထောင်စု လူဦးရေ စာရင်း၊ ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးရန်ကိစ္စများနှင့် အခြေခံ ပညာ ကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး ကိစ္စများကို ရက်ပေါင်း ၁၀၀ အတွင်း ရည်ရွယ် ဆောင်ရွက်သွားမည် ဖြစ် သည်။
ပြည်သူလူထုကို အကျိုးပြုမယ့်လုပ်ငန်း (၁၃)မျိုးကို ရက် ၁၀၀အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ ကူညီရေး ဗဟိုဌာန (Migrant Workers Resource Center-MRC) (၂)ခုကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အလုပ်သမား ရေးရေးရာ ကိစ္စရပ်များကိုလည်း စက်ရုံအလုပ်ရုံများနှင့် စက်မှုဇုန် များတွင် အသိပညာပေး ဆွေးနွေးသွား မည် ဖြစ်သည်။ လူမှုဖူလုံရေးအဖွဲ့နှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများပူးပေါင်းပြီး လူမှုဖူလုံရေးအကျုံးဝင်
အာမခံ အလုပ်သမား များအတွက် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများကို အိမ်ထောင်စုလူဦးရေ စာရင်း နှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးကိုလည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက် သွားပြီး အခြေခံပညာကျောင်းများတွင် အသက် ၁၀ နှစ် ပြည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ သက်ဆိုင်သည့် စိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး စီစစ် ထုတ်ပေးရေး ကိစ္စကိုလည်း နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။
(Black List) အမည်မည်းစာရင်းအား ရေးသွင်းထားရှိပြီး ရေးသွင်းထား သူများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဖြေလျှော့ ဆောင်ရွက်ပေးမည်ဖြစ်ကာ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များကိုလည်း လူဝင်မှုကြီးကြပ် ရေးဥပဒေ၊
လုပ်ထုံး လုပ်နည်းများ အရ အဆင်ပြေချောမွေ့စေရေးအတွက် ဖြေလျှော့ ဆောင်ရွက် ပေးသွား မည်ဖြစ် သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိ သည့် ဘာသာရေးဆိုင်ရာ အချက်အလက်များကို ရက် ၁၀၀ အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကာ စုစုပေါင်း လုပ်ငန်း ၁၃ ခုကို ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည့် ဥပဒေလည်း ဆက်လက်ထုတ်ပြန်သွားမည်။ ကျွမ်းကျင်လုပ်သားများ အရည်အချင်း တိုးတက်မြင့်မားရေး ကိစ္စကို ဦးစားပေးဆောင်ရွက်သွားပြီး နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မည့် စီမံချက်၏ အဓိက မူဝါဒအနေဖြင့် ပြည်သူ လူထုကို အမြန်ဆုံး အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လက်အောက် ဦးစီးဌာန များ ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ လျှင်မြန်စွာအကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ရွေးချယ်ပြီး ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ် အကောင် အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။







No comments:

Post a Comment