Wednesday, September 7, 2016

စက်မှုဝန်ကြီးဌာနမှ ရက်ပေါင်း(၁၀၀)အတွင်း ပြည်သူကို တိုက်ရိုက်အ ကျိုးပြုစေမည့် လုပ်ငန်းများကို ကဏ္ဍ(၆)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်


စက်မှုဝန်ကြီးဌာန အနေဖြင့် ရက်ပေါင်း(၁၀၀)အတွင်း ပြည်သူကို တိုက်ရိုက် အကျိုးပြု စေမည့်လုပ်ငန်းများ ဖြစ်သည့် ပြည်သူ့ အကျိုးပြု စက်ရုံ အလုပ်ရုံများဖွင့်လှစ်ရေး၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေး၊ စွမ်းအင်ခြွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စက်ရုံစီမံကိန်း များတွင်ရှိသည့် အလုပ်ရုံများကို အပိုင်းလိုက် အပြီး သတ် ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
ရက်ပေါင်း (၁၀၀) အတွင်းမှာ GMP (Good Manufacturing Practices) နည်းစဉ်နှင့် အညီ ဆောင်ရွက် ထားသည့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုအလုပ်ရုံဖွင့်လှစ်ပြီး တစ်နှစ် တွင် မြွေဟောက် အဆိပ်ဖြေဆေး အလုံး(၁၀၀၀၀)နှင့် မြွေပွေး အဆိပ်ဖြေဆေး အလုံး (၇၀၀၀၀) ခန့်အထိ တိုးမြှင့်ထုတ်လုပ်ပြီး ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။
ထို့ပြင် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည့် ပုဂ္ဂလိကနှင့် အကျိုးတူ BOT စနစ်ဖြင့် ဆောင်ရွက်ထားသည့် တစ်နေ့တန်(၅၀၀၀)ကျတိုးချဲ့ ဘိလပ်မြေစက်ရုံ ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်သူအကျိုးပြုစက်ရုံအလုပ်ရုံတွေ ထွန်းကား လာစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
ဒုတိယအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နည်းပညာပံ့ပိုးဖြန့်ဝေမည့်အစီအစဉ်များ အသိပညာ ပူးပေါင်း ဖလှယ်သည့် အစီအစဉ်များကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပညာရှင် များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
တတိယအနေဖြင့် စက်မှုသင်တန်းကျောင်း(၆)ကျောင်းမှ ကျေးရွာများတွင် အခြေခံလျှပ်စစ်နှင့် လုပ်ငန်းသုံး အင်ဂျင်ငယ်ပြုပြင် ထိန်းသိမ်းခြင်းများကို သင်ကြား ပေးမည့်အစီအစဉ် ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် နည်းပြအရည်အသွေး တိုးမြှင့်ရေး သင်တန်း၊ ဈေးကွက်သုတေသနနှင့် ဈေးကွက်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်သည်။
စတုတ္ထအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး ဆောင်ရွက် သွားမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးနှင့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေးကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။
ပဉ္စမအနေဖြင့် စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် မေလ(၂)ရက်က (၆)ရက်နေ့အထိ လက်ခံကျင်းပပေးခဲ့ပြီး စွမ်းအင်ခြိုးခြံချွေတာရေးလုပ်ငန်းစဉ်ကို ဒေသတွင်းတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
နောက်ဆုံးတစ်ခု အနေဖြင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စက်ရုံစီမံကိန်း များတွင် ရှိသည့် အလုပ်ရုံများကို အပိုင်းလိုက် အပြီးသတ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့ပြင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု အလုပ်ရုံကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး တစ်နှစ် ကို မြွေဆိပ်ဖြေဆေး အလုံးရေ (၈၀၀၀၀)အထိ GMP စနစ်နှင့်အညီ တိုးချဲ့ထုတ်လုပ်ပြီး ပြည်သူလူထု၏ ကျန်းမာရေး လိုအပ်ချက် ကို ဖြည့်တင်းသွားမည် ဖြစ်သည်။
ဒေသတွင်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းတွေအဖြစ် မြန်မာ့စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက် (Global Supply Chain)ကို ချိတ်ဆက်ဝင်ရောက်နိုင်စေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။



No comments:

Post a Comment