Wednesday, September 7, 2016

အစိုးရသစ်၏ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ


နေပြည်တော် သြဂုတ် ၁၆
အစိုးရသစ်၏ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက် သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်း ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေဖြင့် အစိုးရသစ် ရက် ၁ဝဝ ကာလအတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုနှင့် အဓိက ကျသည့် ရန်ကုန်၊ မန္တလေးတို့၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်း ရေး ရက် ၁ဝဝ စီမံချက်ရေးဆွဲပြီး မေ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ ဆောင်ရွက်ခဲ့ပါ ကြောင်း။

မှုခင်းကျဆင်းရေးဆောင်ရွက်ခြင်း၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး နိုင် ငံရေး တက်ကြွလှုပ်ရှား သူများ၊ နိုင်ငံရေး ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများ၏ အမှု များအား တရားရုံးများတွင် ရုပ်သိမ်းခြင်း/ပိတ်သိမ်းခြင်း၊ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်သို့ အသွင်သဏ္ဌာန်ပြောင်းလဲခြင်းနှင့် အနှစ်သာရ တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ခြင်းဟူသည့် အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်ခဲ့ ပါကြောင်း။

မှုခင်းကျဆင်းရေးတွင် အရေးယူဆောင်ရွက်ခြင်းအနေဖြင့် ကြိုတင်ကာကွယ် အရေးယူမှု ၅၈၁ဝ၈ မှု၊ အမှုကြီး ၇၉၁ မှုနှင့် အခြားအမှု ၁၆၈၅၄ မှုတို့ကို အရေးယူ နိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် အမှု ၂၇၈၈ မှု၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူ များ၏အမှုများအား တရားရုံးများတွင် ရုပ်သိမ်းခြင်း/ပိတ်သိမ်းခြင်းတွင် အုပ်ချုပ် ရေးအဖွဲ့အဆင့်ဆင့်၊ ဥပဒေရုံးအဆင့်ဆင့်၊ တရားစွဲအဖွဲ့အစည်းအဆင့်ဆင့်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရုပ်သိမ်း/ပိတ်သိမ်းအမှုပေါင်း ၂၇၄ မှုနှင့် အမှုရင်ဆိုင်နေ ရသူ ၄၅၇ ဦးတို့အား ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲဖော်ဆောင်လျက် ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနှင့် ရဲတပ်ဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံရဲချုပ်များက ဇွန် ၁၃ ရက်တွင် ဆစ်ဒနီမြို့၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြည်တွင်းတွင် UNODC၊ ICRC၊ ISDP၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့နှင့် လုပ်ဆောင်လျက်ရှိပြီး ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများသို့လည်း စေလွှတ်လျက်ရှိပါကြောင်း။

ဘိန်းချက်စခန်း နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း ၃ဝ ခန့် ဖော်ထုတ်ဖမ်းဆီးနိုင်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် ထူးခြားချက်အနေဖြင့် ဘိန်းချက်စခန်း နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၈ သန်း၊ ဘိန်းစိမ်း ၁၇၅ ကီလို၊ ဘိန်းဖြူ ကီလို ၆ဝ၊ အက်ဖီဒရင်း ကီလို ၅ဝဝ၊ ကဖင်း ၁၄ တန်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ပိုမိုရင်းနှီးနွေးထွေးစွာ ဆက်ဆံနိုင် ရေးအတွက် ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်၏အနှစ်သာရများနှင့် အညီ ဆောင်ရွက် ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် ရဲစခန်းဌာနများအပေါ် ထိတွေ့ဆက်ဆံရမည့် ပြည်သူလူထု၏ အကြောက်တရားနှင့် စိုးရိမ်မှုများကို လျှော့ချနိုင်ခဲ့ပြီး ပိုမိုရင်းနှီးပွင့်လင်း သောဆက်ဆံရေးများနှင့် ပြည်သူ၏ ယုံကြည်အားကိုးမှုကို ပိုမိုတည်ဆောက်နိုင်ခဲ့ ပါကြောင်း။

ရက် ၁ဝဝ စီမံချက်ကာလအတွင်း ကျေးရွာမြေငှားဂရန်များ ထုတ်ပေးခဲ့မှုအနေဖြင့် တိုင်းဒေသကြီး /ပြည်နယ်၊ နေပြည်တော်တို့ရှိ ကျေးရွာပေါင်း ၂၇၅ ရွာတွင် ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးဆောင် ရွက် ခဲ့ရာ မေ ၁ ရက်မှ ယနေ့ကာလအထိ ကျေးရွာမြေငှားဂရန်ပေါင်း ၁၂၇၉၃ ခု ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာမြေငှားဂရန်များအား ပြည်သူများ၏လက်ဝယ်သို့ မြန်ဆန်စွာ ပြီးပြတ်အောင် ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူ့ဝန်ဆောင်မှုရုံးများက ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများမှာ စားသောက်ဆိုင်များနှင့် ပတ်သက်၍ ထောက်ခံချက်ပေးခြင်း၊ ပုဂ္ဂလိကအိမ်ဆိုင် လုပ်ငန်းလိုင်စင်များ၊ ယစ်မျိုးလိုင်စင်ချထားခြင်းနှင့် အခွန်လေးမျိုးကောက်ခံခြင်း၊ မြေစာရင်းပုံစံ ၁ဝ၅ ရေးကူးခွင့်ကိစ္စများ၊ မြေငှား ဂရန်လျှောက်ထားခြင်း ကိစ္စရပ်များကို အကြံပြုခြင်း၊ ဘိလိယက်ခုံလိုင်စင် ထုတ်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲအတွက် ပွဲမိန့် လျှောက်ထားခြင်းကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ ပြောင်းဝင်/ ထွက်ကိစ္စနှင့် မွေးဖွား မှု၊ သေဆုံးမှုမှတ်ပုံတင်ရေးကိစ္စရပ်များ၊ ပထမသတင်းပေးတိုင်ကြားချက်များ၊ မီးဘေးလုံခြုံရေးကိစ္စရပ်များ၊ စည်ပင်နှင့်ပတ်သက်သော ရေ၊ မီး၊ မိလ္လာသန့်ရှင်းရေး တိုင်ကြားမှုကိစ္စရပ်များ၊ သစ်တောနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ လူမှုဖူလုံရေး၊ အလုပ်သမား၊ အလုပ်အကိုင် ကိစ္စရပ်များ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဖြစ်ပါကြောင်း။

အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်များထုတ်ပေးခြင်း
အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်များထုတ်ပေးခြင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုထားသောအသင်းအဖွဲ့ အရေအတွက်မှာ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့မှ NGO ၆၅ဝ၊ INGO ၁၄၈ ခု၊ တိုင်းဒေသကြီး/ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့မှ NGO၁ဝ၁ ခု၊ နေပြည်တော် ကောင်စီမှတ်ပုံတင်ရေးအဖွဲ့မှNGOနှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်)ဒေသ မှတ်ပုံတင်ရေးအဖွဲ့မှ NGO ငါးခု၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှNGO ၁၅ ခု၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှNGO ၂၇ဝ စုစုပေါင်း NGO ၁ဝ၄၃ ခု၊INGO ၁၄၈ ခု ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မြစ်ဆိပ်ကမ်းနှင့် ရေ လမ်းကြောင်းထိန်းသိမ်းရေးအတွက် ပြည်ထောင်စုဘတ်ဂျက်မှ ဆောင်ရွက်သည့် လုပ်ငန်းနှစ်ခု၊ တိုင်းဒေသကြီး အစိုးရများ၏ ဘတ်ဂျက်ခွင့်ပြုငွေနှင့် ကမ်းပြို၊ ကမ်းထိန်းလုပ်ငန်း ၃၆ ခု ဆောင်ရွက် လျက်ရှိပါကြောင်း၊ ချင်းတွင်းဝ-မုံရွာ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်း ပြီးဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် လုပ်ငန်းများစတင်နိုင်မှု မရှိသေးပါကြောင်းနှင့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင် အပြီးဆောင်ရွက် မည်ဖြစ်ပါကြောင်း။

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်မည်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၃၆ ခုအနက် ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီးလုပ်ငန်း ၂၈ ခု၊ ၆၅ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းတစ်ခု၊ ၆ဝ ရာခိုင်နှုန်း ပြီးစီးသည့်လုပ်ငန်းနှစ်ခု၊ ၅၅ ရာခိုင်နှုန်း ပြီးစီးသည့်လုပ်ငန်း နှစ်ခု၊ ၅ဝ ရာခိုင်နှုန်းပြီးစီးသည့် လုပ်ငန်းနှစ်ခုတို့ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ဧရာဝတီမြစ်ရေ သုံးကြိမ်မြင့် တက်မှုကြောင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးပါကြောင်း၊ မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်တည်ဆောက်ရန် ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေရရှိရေးအတွက် ဆောင်ရွက် ထားပါကြောင်း။

မိုးလေဝသနှင့် ဇလဗေဒကဏ္ဍအတွက် မုန်တိုင်းဖြစ်ပေါ်မှုများကိုစောင့်ကြည့် နိုင်ရန် ရန်ကုန်၌ ရေဒါ တပ်ဆင်ရေးအတွက် အမြင့် ၇၇ မီတာရှိ တာဝါတည်ဆောက်ခြင်း၊ စက်ကိရိယာ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အယ်နီညိုနှင့် လာနီညာ ဖြစ်စဉ်များ၏ နောက်ဆုံးအခြေအနေ ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး အယ်နီညိုရာသီဥတုဖြစ်စဉ်၏အခြေအနေများကို တစ်လလျှင် နှစ်ကြိမ် ထုတ်ပြန်ပေးခဲ့ပါ ကြောင်း၊ လာနီညာရာသီဥတုဖြစ်ပေါ်လာမှုမှာ ဇူလိုင်မှ စက်တင်ဘာလထိ ၄၄ ရာခိုင် နှုန်းဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသဖြင့် ဆက်လက်စောင့်ကြည့် ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း။

မြန်မာ့မီးရထားအနေဖြင့် မြစ်ငယ်ဒွေးလမ်းတံတား (အရှည်ပေ ၈၆ဝ)တည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ရထားများ အစုန်၊ အဆန်သွားလာနိုင်တော့ မည် ဖြစ်ပါကြောင်း၊ စီးပွားရေးတွက်ခြေမကိုက်သော ရထားလမ်းပိုင်းများ ဖျက်သိမ်းရေး စိစစ်မှုများ ဆောင်ရွက်ခြင်းအတွက် လုံးဝဖျက်သိမ်းရမည့် ရထားလမ်းပိုင်း ၁၆ ခုကို ဖျက်သိမ်းခဲ့ပြီး ရထားလမ်း ၁၄ ခုကို ပြင်ဆင်ပြေးဆွဲစေလျက်ရှိပါကြောင်း။

ဆက်သွယ်ရေးကဏ္ဍတွင် လှိုင်းနှုန်းအသုံးပြုခွင့်အတွက် လှိုင်းနှုန်းစဉ် လေလံတင် မှုဆောင်ရွက်ခဲ့ပြီးAction Framework ကို ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ Myanmar National Satellite Project အတွက် ဦးစားပေး ရွေးချယ်ထားသော Intelsat Satellite Operator နှင့် အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ မိုဘိုင်းစခန်း ၄၄၂၈ ခု ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍GSM စခန်း ၅ဝဝ တိုးချဲ့ ဖွင့်လှစ်ခြင်းကို ရက် ၁ဝဝ အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ အော်တိုအိတ်ချိန်းရုံးတွင်Mobile Operation Center (MOC) ဖွင့်လှစ်ခဲ့ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များတွင် MPT Brand Shop ၄၉ခု ဖွင့်လှစ်ထားပြီး ထပ်မံ၍ အခု ၂ဝ တိုးချဲ့ဖွင့်လှစ်ရန် လျာထားခဲ့ပါကြောင်း၊ ၄ဝ အထိ တိုးချဲ့ဖွင့်လှစ် ခဲ့ပါကြောင်း၊ ရေအောက်ကေ ဘယ်ဆက်ကြောင်းအတွက် ငွေဆောင်ကမ်းခြေနှင့် ပုသိမ်မြို့ ရေအောက်ကေဘယ်စခန်းအကြား ၅၈ ကီလိုမီတာ မြေအောက်ဆက်ကြောင်း ဖြင့် ဖိုင်ဘာကေဘယ်နှင့် ပါဝင်ကေဘယ်သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

ပို့ဆောင်ရေးမူဝါဒကြေညာချက်သစ်
လုပ်ငန်းစီမံကိန်း ၁၇ ခုအနက် လုပ်ငန်း ၁၆ ခု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး မြစ်ဆိပ် ကမ်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေး၊ ကမ်းပြို/ကမ်းထိန်းလုပ်ငန်းစီမံကိန်း တစ်ခုသာ မြစ်ရေမြင့်တက်မှုကြောင့် ကျန်ရှိပါကြောင်း၊ လုပ်ငန်းတစ်ခုလုံးအတွက် ၈၇ ရာခိုင်နှုန်းဆောင် ရွက်ပြီး ကျန်ရှိလုပ်ငန်းများကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးမူဝါဒကြေညာချက်သစ်တစ်ရပ် ချမှတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်သူများ အတွက် ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာများကို နမူနာဆောက်လုပ်ခြင်း၏ စံနှုန်းများအရ ကျန်ဒေသအသီးသီးတွင် ဆက်လက်ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ Low Cost Housing ၏နမူနာပုံစံကို အဆောက်အအုံ ဦးစီးဌာန၊ ဗိသုကာ၊ ပုံထုတ်-ခန့်သု၊ ရေသန့်၊ လျှပ်စစ်ဌာနခွဲများမှ ဆောင်ရွက်ပြီးစီး၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီးဖြစ်ပါကြောင်း။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာ နမူနာစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆောက် အအုံဦးစီးဌာနသို့ လုပ်ငန်းအပ်နှံမှုဖြင့် အဆောက်အအုံဦးစီးဌာန အဆောက်အအုံ အထူးအဖွဲ့ (၂) မှ ရှစ်ခန်းတွဲ ငါးထပ် အိမ်ခန်း (၄ဝ) ပါ သံကူကွန်ကရစ် (R.C.C) အဆောက်အအုံ တစ်လုံးနှင့် သံထည်(Steel Structure) အဆောက်အအုံ တစ်လုံး၊ စုစုပေါင်းအဆောက်အအုံနှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို မေ ၂၆ ရက် မှ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National Building Code - MNBC) ကို အတည်ပြုထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျဉ်းများ (Myanmar National Building Code - MNBC) ကို စည်းမျဉ်းစည်းကမ်း (Code)အနေဖြင့် ထုတ်ပြန် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်MNBC ကို ဥပဒေပြုနိုင် ရေးအတွက် UN-Habitat အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် စည်းမျဉ်း စည်းကမ်းအဖြစ် လိုက်နာဆောင်ရွက်သွားရန် အထိန်းအကွပ် တစ်ရပ်အနေဖြင့် ရရှိလာမည်ဖြစ်ပါကြောင်း။

ဂိတ် ၁၆ဝ ကျော် လမ်း/တံတား အသုံးပြုခ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု
နိုင်ငံတစ်ဝန်း လမ်း/တံတား အသုံးပြုခကောက်ခံလျက်ရှိသည့် ဂိတ်အရေအတွက် ၃ဝ၂ ဂိတ်အနက်မှ ၁၆၁ ဂိတ်ကို လမ်း/တံတားအသုံးပြုခကောက်ခံခြင်းမှ ကင်းလွတ် ခွင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ်လေးခုတို့တွင် လမ်းဂိတ် ၈၉ နှင့်တံတားဂိတ် ၇၂ စုစုပေါင်း ၁၆၁ ဂိတ်ကို ဧပြီ ၁ ရက်မှစ၍ တိုးလ်ဂိတ် ကောက်ခံခြင်းမှ ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် တွင် ယာဉ်အန္တရာယ်ကင်းရှင်း၍ ဘေးကင်းလုံခြုံရေးအတွက် Road Patrol ကားများထား ရှိဆောင်ရွက်ခြင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော် မဆမှု အဖြစ်များသောနေရာများတွင် Road Patrol ကားနှစ်စီးဖြင့် စောင့်ကြပ် ကြည့်ရှုရန် မိုင်တိုင်အပိုင်းအခြားအလိုက်နှင့် အချိန်နာရီအလိုက် တာဝန်ချထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင် က အစိုးရသစ်တာဝန်ယူပြီးနောက် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ဘေးကင်းလုံခြုံမှုကို ပိုမိုဖန်းတီးပေးနိုင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် ဦးစားပေးစီမံချက် ခုနစ်ရပ်ပါဝင်သော ရက် ၁ဝဝ စီမံချက်ကို ဧပြီ ၂၁ ရက်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင်လုပ်ငန်းစီမံချက် (၅) ရပ်မှာ ရာနှုန်းပြည့်ပြီးစီးပြီး ကျန်စီမံချက် (၂) ရပ်မှာ ၉၈ ရာခိုင်နှုန်း နှင့် ၇ဝ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း။

ချင်းပြည်နယ် မြေပြိုဆည်များနှင့်ပတ်သက်၍ ဘေးအ္တရာယ် လျော့ပါးစေရေး အတွက် အရေးပေါ်တုံ့ပြန်ရေး စီမံချက်အရ နေပြည်တော်သို့ ဆည်အခြေအနေ သတင်းပို့နိုင်ရန် Single Side Band (SSB) ဆက်သွယ်ရေးစက် နှစ်လုံး တပ်ဆင်ခြင်း၊ မြေပြိုဆည်ပြိုခဲ့ပါက ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရ မည့်နေရာ ၆၆ ခု သတ်မှတ်ဖော်ထုတ်ခြင်း၊ ယင်းမြေပြိုဆည်ပြိုကျလာပါက ရာဇဂြိုဟ်ဆည်သို့ နုန်းများ အတိုင်းအဆမရှိဝင်ရောက်၍ ဆည်ထိခိုက်မှုကာကွယ်ရေးနုန်းတားဆည် သုံးခုတည်ဆောက်ရန် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း ၂၅၈ ဒသမ ဝ၆ကို သုံးစွဲနိုင်ရန်စီစဉ်ပေးခဲ့ပါကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ မြေပြိုဆည်တွင် ပေ ၃ဝဝ x ပေ ၂ဝ ရေပိုလွှဲဖောက်လုပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဇူလိုင် ၃ ရက်တွင် ယင်းရေပိုလွှဲမှ ရေတိုက်စားကာ ဆည်ကျိုးပေါက်ခဲ့သဖြင့် တည်ဆောက်ဆဲနုန်းဖမ်းဆည်သုံးခု ထိခိုက်ပျက်စီးခဲ့ပြီး ယခုအခါ မြေပြိုဆည်တွင် ရေအနည်းငယ်သာကျန်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွက် မြေပြိုဆည်ကျိုးပေါက်ခြင်းကြောင့် ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးခဲ့ပြီ ဖြစ်ပါကြောင်း။

နေပြည်တော်ရှိ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန(Emergency Operation Centre- EOC) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၉ဝ ရာခိုင်နှုန်း၊ ဘေးအန္တရာယ် ကျရောက်လွယ်သောဒေသများ တွင် ပြည်သူလူထုထံ ကြိုတင်သတိပေးချက်ရရှိ စေရေးအတွက် Single Side Band (SSB) စက်များ တပ်ဆင်ခြင်းလုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုအခြေအနေများ ကို ပြည်သူများ ကိုယ်စား သတင်းပေးပို့နိုင်မည့် Kobo Collect Mobile Application ထုတ်ဝေ မှု ၁ဝဝ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ကြိုတင်သတိပေးချက်များအား ပြည်သူများထံ သတိပေးနိုင်မည့် ( Disaster Alert Notification-DAN) Mobile Applica- tion ဆောင်ရွက်ခြင်း ၁ဝဝ ရာခိုင်နှုန်းနှင့် ပြည်သူလူထု ကိုယ်တိုင်ပါဝင်သော မုန်တိုင်း ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီး အောင်မြင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူလလျာထားသည့် လုပ်ငန်းများပြီးစီးခဲ့ပြီဖြစ်သဖြင့် ကျန်ရှိနေသောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

Help Line နှင့် Hot Line ဖုန်းနံပါတ်များ
လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တို့မှ ဆောင်ရွက်ပေးနေ သည့် လုပ်ငန်းများနှင့်ဆက်စပ်ပြီး ပြည်သူများ သိရှိလိုသည့် သတင်းအချက်အလက်များ ဆက်သွယ်မေးမြန်း၍ အကူအညီရယူနိုင်ရန် နေပြည်တော် တွင် Help Line နှင့် Hot Lineဖုန်းနံပါတ်များဖြစ်သည့် ဝ၆၇-၄ဝ၄၆၆၆နှင့် ၄ဝ၄၇၇၇ တို့ကိုတပ်ဆင်စေပြီး ၂၄ နာရီ ဝန်ဆောင်မှုပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လူမှုဝန်ထမ်းရုံးမှ လည်း ပြည်သူ့ဆက်ဆံရေးဌာန ဖွင့်လှစ်၍ ဖုန်းအမှတ် ဝ၉-၄၅၃၁၉၇၂၈၅ သို့ ဆက်သွယ်၍ လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များ၊ အကူအညီများဆက်သွယ်ဆောင်ရွက်နိုင်နေပြီဖြစ်ပါကြောင်း။

လူငယ်မူဝါဒရေးဆွဲရေးအကောင်အထည်ဖော်ရေးစီမံချက်ကို ပညာရေးဝန်ကြီး ဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူငယ်မူဝါဒ(မူကြမ်း)ရေးဆွဲရေးအဖွဲ့တွင် လူငယ်များကိုယ်တိုင် ပါဝင် နိုင်ရန် တိုင်းဒေသကြီး/  ပြည်နယ်အသီးသီးမှ လူငယ်များနှင့်တွေ့ဆုံပွဲများ ပြုလုပ် ခဲ့ပြီးလူငယ်ကိုယ်စားလှယ် များ ရွေးချယ်ရေးနှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲ မည့်အချက်များပေါ်ထွက်လာရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စီမံချက် အနေဖြင့် ၇ဝ ရာခိုင်နှုန်း ပြီးစီးအောင်မြင် ခဲ့ကြောင်း။

လမ်းပေါ်နေကလေးများနှင့် မသန် စွမ်းသူများ ကာကွယ်စောင့်ရှောက်
လမ်းပေါ်နေ ကလေးများနှင့် တောင်းရမ်းစားသောက်သူများ၊ ခိုကိုး ရာမဲ့များ၊ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းစီမံချက် ကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့အတွက် ရည်ရွယ်ဆောင် ရွက်ပါကြောင်း၊ ဤစီမံ ချက်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး နှင့် မ္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ များကို တွေ့ဆုံဆွေးနွေး တင်ပြခဲ့ပါ ကြောင်း၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဖက်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကနဦးဆန်းစစ်ချက်များပြုလုပ်၍ ဦးတည် အုပ်စု၏လိုအပ်ချက်များဖော်ထုတ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ လမ်းပေါ်နေ ကလေးများနှင့် ခိုကိုးရာမဲ့များအား ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်း၊ မိသားစုနှင့် ပြန်လည်ပေါင်း စည်းခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အရေးယူအပြစ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ဆန်းစစ် တွေ့ရှိချက်ကိုအခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် စီမံချက်ကိုရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဆင်းရဲမှုအမြင့်မားဆုံး ချင်းပြည်နယ်မှ ထိခိုက်အားနည်းလွယ်သော အုပ်စုများအား လူမှုကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် စီမံချက်တစ်ရပ် ပေါ်ထွန်းလာရန် ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်စောင့်ရှောက်ပေးရမည့် အုပ်စုများဆိုင်ရာ စာရင်းကောက်ယူမှုနှင့် အတည်ပြုမှုအတွက် လမ်းညွှန်များ၊ စာရင်း ဇယားပုံစံများပြုစုခြင်း၊ စီမံချက်ရေးဆွဲခြင်းတို့ကို ၂ဝ၁၆ ခုနှစ်၊ မေလအစောပိုင်းက ဆောင်ရွက်ခဲ့ပြီး မေ ၁၇ ရက်တွင် ဤလုပ်ငန်းအကောင်အထည်ဖော်ရာ၌ ပါဝင် သက်ဆိုင်မည့်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းအသိပေးခဲ့ပါ ကြောင်း၊ ဇွန် ၂ဝ ရက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းပြီး ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းမှာ လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဝန်ကြီးဌာနမှ စီမံချက်ဖော်ထုတ် ပေးခြင်းဖြစ်ပြီး နိုင်ငံတော်မှ ရန်ပုံငွေသတ်မှတ်ခွင့်ပြုပေးခြင်း (သို့မဟုတ်) ရန်ပုံငွေရရှိ နိုင်ရေး အခြားနည်းလမ်းများ ဖော်ထုတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများဘဝ ပိုမိုလုံခြုံအေးချမ်းစေရန်နှင့် လူငယ်လူရွယ်များ အလုပ် အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။


ရေရှားပါးမှု ပြဿနာအတွက် ငွေကျပ် သန်း ၂၇ဝ ကျော် သုံးစွဲ
ဦးစားပေးစီမံချက် ခုနစ်ရပ်အပြင် အယ်နီညိုကြောင့် ရေရှားပါး၍ ဆင်းရဲဒုက္ခ ရောက်ရှိနေသော ပြည်သူ များအား ဧပြီ ၁၇ ရက်မှ မေ ၃၁ ရက်အထိ သောက်သုံးရေသန့် ၃၁၃၃ဝ လီတာ၊ သောက်သုံးရေ ၆၃၃၁၅၅ ဂါလန်ဖြန့်ဝေခြင်းအတွက် ဝန်ကြီးဌာန ဘတ်ဂျက်မှ $ကျပ်သန်း ၉ ဒသမ ၉၄၂ သန်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၉ ဒသမ ၄၅၅ သန်း၊ စုစုပေါင်းငွေကျပ်သန်း ၁၉ ဒသမ ၃၉၈ သန်း ကို သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ရေ တွင်း ရေကန် တူးဖော်ခြင်း၊ ရေသန့်စက် များထောက်ပံ့ခြင်းနှင့် ယာယီရေလှောင်ကန်ပြုလုပ်ရန် အတွက် ငွေ$ကျပ် ၂၅၇ ဒသမ ၁၄ သန်းသုံးစွဲခဲ့သဖြင့် အယ်နီညိုကြောင့် ရေရှားပါးမှုပြဿနာအတွက် စုစုပေါင်း$ ကျပ်သန်း ၂၇၆ ဒသမ ၅၃၉ သန်း သုံးစွဲဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သတင်းထောက်များ၏မေးမြန်းချက်များကို ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းဖြေကြားကြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်မှုနည်းပါး ကြောင်းနှင့် ယခု မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို ယခင်အစိုးရလက်ထက်က စတင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်ပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးထားပြီး ယနေ့အချိန်ထိ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ကောင်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ က ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မရှိခင် က အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကို နိုင်ငံတော် အစိုးရက တိုက်ရိုက်တာဝန် ပေးအပ်ပြီး ခိုင်းခဲ့ပါကြောင်း။

ငွေကြေးခဝါချမှုလုပ်ငန်းများ အဓိက စုံစမ်းဖော်ထုတ်
ယခုအချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဆောင်ရွက်လျက်ရှိ သည့်အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ငွေကြေးခဝါချမှုလုပ်ငန်းများ ကို အဓိကစုံစမ်းဖော်ထုတ်၍ တရားစွဲဆိုဆောင်ရွက်ပါကြောင်း၊ ယခုကာလအတွင်း တာဝန်ပေးမှု ၃၉ မှု ရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှု ၂၉ မှုဖြစ်ပြီး လက်ကျန် ၁ဝ ခုရှိပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ငွေကြေးစီးဆင်းမှု မှန်ကန်မျှတခြင်း၊ ဆုံးရှုံးသွားသည့် ပြည်သူဘဏ္ဍာများ ပြန်လည်ရရှိခြင်းအကျိုးအမြတ်များကို ရရှိခဲ့ ပါကြောင်း။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တိုင်စာများကိုလည်း စုံစမ်းစစ်ဆေးပါ ကြောင်း၊ အထက်အဖွဲ့အစည်း အဆင့်ဆင့်၏ တာဝန်ပေးချက်ရ ဝန်ထမ်းမသမာမှု ကိစ္စများ၊ အဂတိတရားလိုက်စားမှုကိစ္စများကို စုံစမ်းပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားမှုအရ ဆောင်ရွက်ရပါကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေ ဖြင့် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ရိုက်ဆောင်ရွက်ရခြင်း မဟုတ်ဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အကူအညီပေးဆောင် ရွက်ခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။

အဂတိလိုက်စားမှုကိစ္စရပ်များကို တိုင်ကြားရာတွင် အရေးယူဆောင်ရွက်မှု အားနည်းနေသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သီးခြားအစီအစဉ် ဖြင့် ဆောင်ရွက်ရန် ရှိ၊ မရှိနှင့် ယခင်အတိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထူး တာဝန်ပေးခိုင်းစေရန် ရှိ၊ မရှိ မေးမြန်း ရာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က ယခုကိစ္စကို နိုင်ငံတော်သမ္မတရုံး၏ အစီအမံအတိုင်း သာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဌာနအသီးသီးတွင် အရေးယူဆောင်ရွက်မှုများရှိပြီး အချို့ဝန်ထမ်းများကို ထုတ်ပယ်ခြင်း၊ ပြောင်းရွှေ့ခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် လည်း ပြည်သူကို မျက်နှာမူသည့် အစိုးရဖြစ်သည့်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေအနေ ပေးသည့်အခါတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင် ရွက်ခဲ့မှုများကို သတင်းထုတ်ပြန်ပေးမည်ဖြစ် ပါကြောင်း ဖြေကြားသည်။

CID မှုခင်းတပ်ဖွဲ့
အစိုးရသစ် ရက် ၁ဝဝ အတွင်းCID မှုခင်းတပ်ဖွဲ့ကကိုင်တွယ်နေသည့် အမှုကြီး များ ဖော်ထုတ်နိုင်မှု ရှိ၊ မရှိနှင့် ဖယ်ခုံမြို့တွင်IS အယောက် ၈ဝ ကျော်ရောက်နေသည် ဆိုသည့် ကိစ္စ မှန်၊ မမှန် သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က CIDမှုခင်းတပ်ဖွဲ့အနေဖြင့် အမှုကြီးများကို စုံစမ်းဖော်ထုတ်ပါကြောင်း၊ လူသတ်၊ လုယက်၊ ဖောက်ထွင်းမှု အပါအဝင် အမှုကြီး ၁ဝ မျိုးတွင် ခေတ်မီသည့် ကိရိယာများဖြင့် ဆောင်ရွက်ရန် စီမံနေပါကြောင်း၊ အမှုကြီးများထဲတွင် လူသတ်မှု၊ မုဒိန်းမှုများကို နှစ်စဉ် ပိုမိုဖမ်းဆီးရမိမှုရှိပါကြောင်းနှင့် ဖယ်ခုံတွငှ်ု များ ရောက်နေ သည် ဆိုသည့်သတင်းမှာ မှားယွင်းသည့်သတင်းဖြစ်ပါကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် စီမံရေးရာဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး ဇော်ဝင်း အောင်က CID မှုခင်းတပ်ဖွဲ့အနေဖြင့် ဖော်ထုတ်ရန်ခက်ခဲသည့်အမှုများ၊ အများ ပြည်သူစိတ်ဝင်စားနေသည့် အမှုများ၊ ငွေတုပြုလုပ်သည့်အမှုများကို ဖော်ထုတ်ပေး ပါကြောင်း၊ ထို့ပြင် မှုခင်းတပ်ဖွဲ့မှ ကျွမ်းကျင်သူများသည် သိပ္ပံနည်းကျ ထင်မြင်ချက် ပေးနိုင်ရေး ဆောင်ရွက်ပါကြောင်း။
ရက် ၁ဝဝ စီမံချက်ကာလအတွင်း အမှုကြီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မှုခင်း တပ်ဖွဲ့တို့ပူးပေါင်း၍ ဖော်ထုတ်သည့်အခါ ၈၉ ‘ဒသမ ၂ ရာခိုင်နှုန်းအထိ ဖော်ထုတ်နိုင် ခဲ့ပါကြောင်း၊ အခြားအမှုများနှင့်ပတ်သက်ပြီး ဖြစ်ပွားမှုများအပေါ် စီမံချက်ကာလ အတွင်း ၉၁ ‘ဒသမ ၇၄ ရာခိုင်နှုန်းအထိ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုအပိုင်း ကလည်း မှုခင်းကျဆင်းရေးအသိပညာပေးမှုများကို လိုက်နာရန်လိုအပ်ပါကြောင်း၊ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း လိုက်နာမှသာလျှင် မှုခင်းများ လျော့နည်းကျဆင်း သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရက် ၁ဝဝ စီမံချက် နောက်ပိုင်း ပြည်သူများ မြေဂရန်လျှောက်ထားသည့်အခါ လွယ်လင့်တကူ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် မည်သို့ညွှန်ကြားပေးနိုင်မလဲ၊ မြေပုံမြေစာရင်း ရေးကူးခွင့်လျှောက်ထားရာ
တွင် မည်သို့လျှောက်ထားရမည်၊ မည်မျှ ကြာမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မြေငှားဂရန်များကို တည်ဆဲဥပဒေများအရဆောင်ရွက်ရပါကြောင်း၊ မြေငှားရမ်းထုတ် မည်ဆိုပါက ယင်းမြေနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိ ဥပဒေနှင့်အညီ ကြေညာရပါ ကြောင်း၊ ဥပဒေအရ ရက် ၃ဝ သတ်မှတ်ထားပါက သတ်မှတ်ထားသည့် ရက်ပြည့်သည် အထိ ကြေညာရပါကြောင်း၊ ယင်းမြေအား ကန့်ကွက်မှုမရှိသည့်အခါ လျှောက်လွှာ စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ကန့်ကွက်လွှာများခေါ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း၊ ယင်းမြေသည် သစ်တောမြေ၊ မြေလွတ်မြေလပ် မြေရိုင်း၊ ယဉ်ကျေးမှုနယ်မြေ၊ ရှေးဟောင်းနယ်မြေ၊ စားကျက်မြေ၊ ဘုံမြေ စသည့် အမျိုးအစားထဲ တွင် ပါဝင်ပါက ဂရန်ပေး၍ မရပါကြောင်း၊ မြို့အဖြစ် တရားဝင်ဥပဒေအရ သတ်မှတ်ထား သည့်မြေကို ဂရန်ပေးခြင်းဖြစ်ပါကြောင်း။
တိုင်ကြားနိုင်
ဂရန်ပြုလုပ်ရာတွင် တစ်ဧကထက်မပိုသောမြေကို ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပေးရပြီး ရက် ၄ဝ အတွင်း ထုတ်ပေးရန်၊ တစ်ဧကထက်ပိုသော ငါးဧကအထိ မြေကို တိုင်းအုပ်ချုပ်ရေးမှူးက ထုတ်ပေးရပြီး ရက် ၆ဝ အတွင်း ထုတ်ပေးရန်၊ ငါးဧက ထက်မြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထုတ်ပေး ရပြီး ရက် ၈ဝ ထုတ်ပေးရန် ဖြေလျှော့မှုများ ပြုလုပ်ပေးထားပါကြောင်း၊ ကန့်ကွက်မှု များရှိပါက ယခုရက်များထက် ပိုမိုကြာမြင့်နိုင်ပါကြောင်း၊ မြေငှားဂရန်နှင့်ပတ်သက်၍ သတ်မှတ်ရက်ထက်ပိုပြီး ကန့်ကွက်မှုမရှိ၊ မြေသည်လည်း မြို့မြေ၊ ဂရန်ပေးနိုင်သည့် မြေဖြစ်ပါလျက် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးများက ကပ်ထားခြင်း၊ မလုပ်ပေးခြင်းပြုလုပ်ပါက တိုင်ကြားနိုင်ပါကြောင်းနှင့် အရေးယူပေး လျက်ရှိပါကြောင်း ဖြေကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က နိုင်ငံပိုင်လုပ်ငန်းများအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့မှုများ နှင့်စပ်လျဉ်းပြီး ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်အစိုးရသက်တမ်းတွင် ကော်ပို ရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သည့်ဌာန လေးခုရှိပါကြောင်း၊ ယင်းတို့အနက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အခြေခံပြည်သူများအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်းရေကြောင်းအနေဖြင့် နိုင်ငံတော်၏ လမ်း၊ တံတားများ ဖွံ့ဖြိုးလာသော်လည်း မြစ်ကြောင်းပြုပြင်ထိန်းသိမ်းမှုအပိုင်း၌ နည်းပညာ နှင့် ဘဏ္ဍာငွေခွဲဝေရရှိမှုတို့တွင် အားနည်းခဲ့ပါကြောင်း၊ ထို့အပြင် လမ်းတံတားများ တိုးတက်လာမှုကြောင့် ပြည်သူများအနေဖြင့် အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်မှုကို အသုံးပြုမှုများလာပါကြောင်း၊ ပြည်တွင်းရေကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းဒေသ နှင့် ဧရာဝတီကမ်းရိုးတန်းဒေသရှိ နေရာအချို့မှလွဲ၍ နေရာတော်တော်များများတွင် အခက်အခဲများကြုံတွေ့ရပြီး အရှုံးပေါ်နေပါကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ယခု လုပ်ငန်းများကို မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရေကြောင်းက ပိုင်ဆိုင် သောမြေများပေါ်တွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ပါက ဝင်ငွေရရှိမည်ဖြစ်သော်လည်း ဝန်ဆောင်မှုဌာနတစ်ခုဖြစ်ခြင်း၊ ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိခြင်းတို့ကြောင့် အရှုံးပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ အရှုံးပေါ်သည့်လုပ်ငန်းကို ဖျက်သိမ်းပါကလည်း ပြည်သူလူထု၏ လိုအပ်ချက်ရှိနေသည့် အတွက် နိုင်ငံတော်ဘတ်ဂျက်သို့ ပြန်လည်ဝင်ရောက်ရခြင်းဖြစ်ပါကြောင်း
ဖြေကြား သည်။
နိုင်ငံတော်ဘဏ္ဍာငွေသက်သာမှု
မြန်မာ့မီးရထားလမ်းပိုင်းများရပ်ဆိုင်းမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ သက်သာမှု အခြေအနေနှင့်စပ်လျဉ်းပြီး မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက မြန်မာ့မီးရထားအနေဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်သည့် လူစီးရထားတွဲ ၁၆ စင်းကိုရပ်ဆိုင်းပြီး ကျန်လူစီးရထားတွဲ ၁၄ စင်းကို ခရီးစဉ်ပြောင်းလဲ ပြေးဆွဲ ခဲ့ပါကြောင်း၊ ခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် ပြောင်းလဲပြေးဆွဲသည့်အတွက် ခရီးသည် ၈ဝဝ ကျော်ခန့်လျော့နည်း၍ ဝင်ငွေတစ်ရက်လျှင် နှစ်သိန်းခွဲကျော် လျော့နည်းသွား ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စက်သုံးဆီကုန်ကျမှု တစ်ရက်လျှင် ပျှမ်းမျှ ၂၉၉ ဂါလန်၊ တန်ဖိုးငွေကျပ် ၉ သိန်းခန့် လျော့နည်းသက်သာသွားပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက အဆောက် အအုံများ အရည်အသွေးထိန်းသိမ်းမှုအပိုင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ အဆောက် အအုံများကို ပုဂ္ဂလိကပိုင်းက ဆောက်လုပ်ရာတွင် အချို့သည် စံချိန်စံညွှန်းမမီသည့်အပြင် လုပ်ငန်းခွင်အန္တရာယ်ကင်းမှုမရှိသည့်အတွက် ပြိုကျမှုများရှိပါကြောင်း၊ ရန်ကုန်၊ မန္တလေးသာမက နယ်များတွင်လည်း ဖြစ်နေပါကြောင်း။
ဆောက်လုပ်ရေးစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ဥပဒေ
ထို့ကြောင့် စံချိန်စံညွှန်းမီ အဆောက်အအုံများနှင့် လုပ်ငန်းခွင်အ္တရာယ်ကင်းရှင်း မှုရှိသော လုပ်ငန်းခွင်များဖြစ်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်
ဆောက်လုပ်ရေးစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘုတ်အဖွဲ့ဥပဒေ (Construction Industry Development Board Law - CIDB Law) ကို ရေးဆွဲနေပါကြောင်း၊ ထိုဥပဒေကို နိုင်ငံတိုင်းတွင် ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ မလေးရှားနိုင်ငံတွင် Construction Industry Development BoardConstruction Industry Development Board Lawလည်းရှိပါကြောင်း၊ စင်ကာပူနိုင်ငံတွင် အဆောက်အအုံ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (Building Construction Authority -BCA) ရှိပါကြောင်း။
မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သက်ဆိုင်ရာစည်ပင် သာယာရေးအဖွဲ့၏ ဥပဒေလုပ်ထုံးလုပ်နည်းညွှန်ကြားချက်နှင့် ဆောင်ရွက်နေ သည့်အပြင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စည်းမျဉ်းဥပဒေများ အတိုင်း ကွဲပြားစွာဆောင်ရွက်နေပါကြောင်း၊ တစ်နိုင်ငံလုံး ဆောက်လုပ်ရေးဆိုင်ရာ မူဝါဒတစ်ခုဖြစ်ရန်အတွက် CIDB Law ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းခွင်တိုင်းတွင် ဘေးကင်းလုံခြုံမှု အင်ဂျင်နီယာနှင့် ဘေးကင်းလုံခြုံမှုအစီအမံ (Safety Measures)များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြို့ပြစီမံကိန်းများရေးဆွဲရာ၌ အတိုင်းအတာနှင့် သတ်မှတ်ချက်များသည် တစ်ပြေးညီဖြစ်ရန် ရေးဆွဲနေပါကြောင်း၊ အလားတူ CIDB Law နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ဆောက်လုပ်ရေးစီမံခန့်ခွဲမှု စည်းမျဉ်း (Construction Management Regulation) ကို ကိုရီးယားနိုင်ငံ ဆောက်လုပ်ရေးစီမံခန့်ခွဲမှုအသင်း၏အကူအညီဖြင့်
ရေးဆွဲနေပါကြောင်း၊ ၄င်းဥပဒေကို လေးစားလိုက်နာကျင့်သုံးရေးအတွက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းကို ရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်းပြီး သိန်းတစ်ရာ အောက် တန်ဖိုးနည်းအိမ်ရာများ ပေါ်ထွန်းလာရေးအတွက် နမူနာအိမ်နှစ်လုံးကို နေပြည်တော် ရွှေနံ့သာရပ်ကွက်တွင် စတင်စမ်းသပ်ဆောက်လုပ်နေပါကြောင်း၊ ၄င်း နမူနာပုံစံရရှိပါက တစ်နိုင်ငံလုံးတွင် ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆောက်လုပ်ဆဲအခန်းပေါင်း ၂၂ဝဝ ကို ယခုလေးလအတွင်း အပြီးတည်ဆောက် ခဲ့ပါကြောင်း၊ အဆိုပါအိမ်ခန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏အစီအစဉ်ဖြင့် အိမ်ရာအမှန်တကယ်လိုအပ်နေသည့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများ
ကိုရောင်းချ ပေးသွားမည်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာများကို ပုဂ္ဂလိကအပိုင်းနှင့် အစိုးရပိုင်း ဟူ၍ နှစ်ပိုင်းခွဲပြီး ငါးနှစ်တာကာလအတွင်း အခန်းပေါင်း ၁၈ဝဝဝဝ ခန့် ဖော်ထုတ် သွားရန်အတွက် မြေနေရာရှာဖွေနေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အခန်းပေါင်း ၈ဝဝဝ အတွက် မြေနေရာရရှိပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အမြန်လမ်းအတွက် နိုင်ငံတကာမှ အကူအညီများ တောင်းခံထား
ရန်ကုန် - မန္တလေး အမြန်လမ်းပိုင်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်က အမြန် လမ်းမကြီး၏ ပင်မစီမံချက်အရ ကားကြီး၊ ကားငယ် အကုန်အသုံးပြုနိုင်မည့် ခြောက်လမ်းသွားလမ်းအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းပိုင်းပြီးစီးပါက လမ်းဘေးအကာအရံများအပါအဝင် လမ်းမကြီးတစ်လျှောက် ကို အပြည့်အဝထိန်းချုပ်သွားမည့်အပြင် ကျေးရွာချင်းဆက်လမ်းများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယခု ငါးနှစ်အတွင်း ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းကို ပင်မစီမံချက်အတိုင်း တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ တောင်းခံထားပါကြောင်း ဖြေကြားသည်။
ရန်ကုန် - မန္တလေး လမ်းဟောင်းအဆင့်မြှင့်တင်ရေး
ထို့ပြင် ရန်ကုန်-မန္တလေး လမ်းဟောင်းအဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရန်ကုန်- မန္တလေးလမ်းဟောင်းကို လေးလမ်းသွားအဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့်ကုမ္ပဏီများ ရှိပါကြောင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းကို ပြည်သူများအတွက် ခြောက်လမ်းသွားကတ္တရာ လမ်းအဖြစ် ဆောင်ရွက်ပေးမည့်ကုမ္ပဏီများရှိပါကြောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လတွင် ရန်ကုန် - မန္တလေးလမ်းဟောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးမည်ဟု မျှော်လင့်ပါကြောင်း၊ အဆိုပါအဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကုမ္ပဏီခုနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး
ဝန်ကြီးဌာနအနေဖြင့် ရက် ၁ဝဝ စီမံချက်အတွင်းသာမက စီမံချက်အလွန်တွင်လည်း ပြည်သူ့လိုလားချက် များကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြား သည်။
ရေဘေးသင့်ဒုက္ခသည်များ လုံလုံလောက်လောက် စားသောက်နိုင်အောင် စီမံထား
ရေဘေးသင့်ဒေသများသို့ ထောက်ပံ့ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ရေဘေးသင့်ဒေသများကို ထောက်ပံ့ရေးပစ္စည်းတွေပေးပို့ရာ တွင် အနီးဆုံးဒေသမှဝယ်ပြီး မြန်မြန်ဆန်ဆန် ထောက်ပံ့ပေးပါကြောင်း၊ ဘေးသင့် ပြည်သူတွေကို မျှမျှတတ လုံလုံလောက်လောက် စားသောက်နိုင်အောင် စီမံထားပါ ကြောင်း၊ ဆန်ကို ဒေသပေါက်ဈေးအတိုင်း ဝယ်ယူထောက်ပံ့ပေးပါကြောင်း၊ ဘတ်ဂျက် အနေဖြင့် လုံလောက်မှုရှိပါကြောင်း၊ ထပ်မံလိုအပ်ပါကလည်း နိုင်ငံတော်မှ ထပ်မံ ဖြည့်တင်းပေးရန် အစီအစဉ်ရှိပါကြောင်း။
နာဂဒေသအတွက် အာဟာရဖြည့်စွက်ဆန်များ ဝယ်ယူပို့ဆောင်
နာဂဒေသမှာ အာဟာရချို့မှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးက အာဟာရဖြည့်စွက် ဆန်ဝယ် ယူပြီး တပ်မတော်လေယာဉ်ဖြင့် ဟုမ္မလင်းကို သြဂုတ်လ ၁၆ ရက် နေ့လယ်ပိုင်းမှာ ပို့ဆောင်ခဲ့ ပါကြောင်း၊ ၄င်းမှတစ်ဆင့် လဟယ်မြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ပေးပို့လျက်ရှိပါကြောင်း၊ သဘာဝဘေးဖြစ်လာပါက တပ်မတော်၊ အစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား သည်။

No comments:

Post a Comment